Sunday, 12 February 2012

ဖျတ်မိသွားတာတွေကို အလွယ်တကူ Recovery ယူမယ်


Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး software လေးတစ်ခု ရလို့မျှဝေချင်ပါတယ်။ အရင်ကလည်း အများကြီး သုံးကြည့်ဘူးပါတယ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူး ဖြစ်သွားတယ်။ အခု software လေးက တော်တော်လေး မိုက်တယ်ဗျ။ မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က ကျနော် ရေးပြထားတဲ့ အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။
Image Hosting by Picoodle.com

Download Mirror 1 : Mediafire (Smart.NTFS.Recovery_4.1) _ Portable

Download Mirror 2 : Zshare (Smart.NTFS.Recovery_4.1) _ Portable
သူက portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။
Image Hosting by Picoodle.com
အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။
Image Hosting by Picoodle.com
မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Restore Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။
Image Hosting by Picoodle.com
တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။   http://pyaephyonaing.wordpress.com/ မှ ဆွဲလာတာလေးပါ။

No comments:

Post a Comment

HackingUniversity - Hacks • Pranks • Tricks • How-Tos.Get Falling Snow Effect