Monday, 13 February 2012

download/upload file တွေ နဲ့ URL တွေကို ကို virus ရှိမရှိ စစ်ဆေးပေးမယ့် virus totle

 



download/upload file တွေ နဲ့ URL တွေကို ကို virus ရှိမရှိ စစ်ဆေးပေးမယ့် virus totle
ဒါက ဆိုဒ်တစ်ခုပါပဲ virus ရှိမရှိ စစ်ဆေးပြီးမှ တင်တာဒေါင်းတာ ကြည့်တာ သင့်တော်တာမို့ တင်ပေးတာပါဆိုဒ်လေးတစ်ခုကိုများ ပိုစ့်တစ်ခုလုပ်ပြီးတင်စရာလားဆိုပြီး မထင်လိုက်ပါနဲ့ အရေးကြီးပါတယ်
ကျွန်တော်ဆို တစ်ခုခုကိုဒေါင်းတော့မယ် url တစ်ခုကို ကြည့်တော့မယ် ဆိုတိုင်း ဖတ်ခနဲ့ လှမ်းနှိပ်တာမျိုးဘယ်တော့မှ မလုပ်တော့ပါဘူး ခံရဖူးလို့ ပါပဲ ခံရဖူးတာကလဲ စတာနောက်တာလေးတွေပါ တကယ့်ကောင်မဟုတ်သေးပါဘူး ဒါတောင် ဒီလိုစစ်ပြီးမှ ကြည့်သင့်တယ်ဆိုပြီး အသိတစ်ခုရသွားလို့ အမြဲ စစ်ပြီးမှ ကြည့်တတ်ပါတယ် ကျွန်တော်နဲ့ တအားရင်းနှီးတဲ့ ညီတစ်ယောက်ဆို ပြောတောင်ပြောတယ် အာကာဆိုတဲ့ကောင်က ငါပေးတဲ့လင့် ဘယ်တော့မှ နှိပ်တယ်လို့ မရှိဘူးတဲ့ သူက တော်တဲ့သူတစ်ယောက်ပါ သူကိုလဲယုံပါတယ် သူကကိုယ်ပိုင်ဆော့ဝဲလ်တွေတောင်ရေးနေပြီဖြစ်တဲ့ ညီလေးတစ်ယောက်ပါ သူပေးလိုက်တိုင်း ကျွန်တော် မနှိပ်ပါဘူး ကော်ပီ ယူပြီး စစ်ကြည့်လိုက်တယ် သေချာမှ ဖွင့်ကြည့်တော့ Virus ထိဖို့ နည်းတာပေါ့ဗျာ အဲဒီညီလေးကို မယုံလို့ စစ်ကြည့်တာမဟုတ်ပါဘူး တစ်ခါတစ်ရံမှာ ဖိုင်တွေ လင့်တွေနဲ့ အတူ Virus တွေ ပါလာတတ်လို့ပဲ ကြုံဖူးကြမှာပါ ဒေါင်းထားပြီးပြီးခါနီးမှ Virus ပါတယ်ဆိုပြီး Anti virus က ဖျက်ပစ်လိုက်တာမျိုးတွေလေ ဒေါင်းသူ 99.99% ကြုံဖူးမယ်လို့ ကျွန်တော်ပြောရဲပါတယ် ဒါကြောင့် ဒီဆိုဒ်လေးကိုတင်ပေး ပြပေးတာပါ စစ်ကြည့်လိုက်ပါ အပန်းမကြီးသလို အချိန်လဲ သိပ်မကုန်ပါဘူး Anti virus သတ်ပေးတာထက်တော့ အချိန်ကုန်သက်သာစေတာ အမှန်ပါပဲ စစ်ကြည့်ပြီးမှ လုပ်သင့်တာကို အကြံပြုလိုပါတယ် ဆိုဒ်လင့်ကတော့ http://www.virustotal.com/ ဒါလေးပါ အောက်မှာပုံတွေနဲ့ အဆင့်ဆင့် ပြထားပေးပါတယ်
.


VirusTotal
ဒါကဖိုင်တွေကို မပို့မီမှာ ပါမပါ စစ်ဆေးနေတဲ့ပုံလေးတွေပါ အားလုံးလုပ်တတ်မယ်ထင်လို့ ပုံပဲပြပေးလိုက်ပါတယ် လုပ်နည်းအသေးစိတ် မရေးတော့ပါဘူး....
VirusTotal

VirusTotal

VirusTotal
So that’s it now scan any files you think they can be suspicious and play safe on your side have fun and a very Happy Playful Year.

http://akarphyoe87.blogspot.com/

No comments:

Post a Comment

HackingUniversity - Hacks • Pranks • Tricks • How-Tos.Get Falling Snow Effect