Sunday, 4 March 2012

Bluetooth ဆိုတာ

          
Bluetooth ဆိုတာဟာ Personal Area Network လို့ခေါ်တဲ့ (PANs) မှာ အသုံးပြုတဲ့ Power အသုံးပြုမှု့ အလွန် နည်းပါးတဲ့ Short Range အကွာအဝေးကို Wireless ကြိုးမဲ့ဆပ်သွယ်ရေး နည်းပညာ တခုပဲဖြစ်ပါတယ်။ဒီနည်းပညာတွေဟာဆိုရင် ကျနော်တို့ရဲ့ တစ်ကိုယ်ရေသုံးဖြစ်တဲ့ Personal Electronic ပစ္စည်းတွေဖြစ်ကြတဲ့ Laptops တွေ Mobile Phones တွေ Digital Camera တွေ Audio Equipments တွေနဲ့ Printer တွေကို ကြိုးမဲ့ စနစ် Bluetooth နဲ့ ဆက်သွယ် အသုံးပြုနိုင်ပါတယ်။
           ဒီ Bluetooth ဆိုတဲ့ Short Range Wireless နည်းပညာကို မူလပထမ Developed လုပ်ခဲ့တာကတော့ Swedish Telecom ပဲဖြစ်ပါတယ်။ဘုရင်မင်းမြတ် King Harold Bluetooth ရဲ့နာမည်ထဲက bluetooth ဆိုတာလေးကို အလေးအမြတ် ပြုတဲ့ သဘောအရ ယူသုံးထားတာ ဖြစ်ပါတယ်။ ဒီဘုရင်ကြီးဟာ ဆွီဒင်နိုင်ငံ၊ နော်ဝေးနိုင်ငံ နှင့် ဒိန်းမတ် နိုင်ငံတို့ဖြစ်တဲ့ မတူညီတဲ့ နိုင်ငံတွေကို စစ်ပွဲဆင်နွှဲပြီး ပေါင်းစည်းခဲ့သူဖြစ်ပါတယ်။
             ဒီလိုပဲ Bluetooth technology ဟာလည်း ဒီသဘောတရားအတိုင်း တူညီတဲ့ Personal Electronic Devices တွေကို ပေါင်းစည်းပေးနိုင်ပါတယ်။

No comments:

Post a Comment

HackingUniversity - Hacks • Pranks • Tricks • How-Tos.Get Falling Snow Effect